မိမိကိုယ်ကို ဆုံးမစာ - ၁ စကားပြောဆိုပါများ ရင် လည်း လူတွေ က တော်ရုံ မလေးစားချင်တော့ဘူး။ ဘယ်လောက်ပဲ ရင်းနှီးတဲ့ သူဖြစ်ဖြစ် ကိုယ့်ရဲ့ အကြောင်းတွေ ကို အကုန်ပေးမသိသင့်ဘူး။ တစ်ချို့တွေမှာ ကိုယ်ပိုင် ခံယူချက်မရှိဘူး။ ကိုယ်လဲ မရှိခဲ့တာလည်းရှိပါတယ်။ ဒါမေမယ့် ကိုယ်က မထင်မှတ်ပဲ ပြောလိုက်တာလေးတွေ ကို သူတို့ ကမှတ်ထားပြီး လူရှေ့ ကျ သူတို့ ခံယူချက်လုပ်ပလိုက်ကြတယ်။ ကိုယ်လည်း အရင်က လုပ်ခဲ့ဖူးလို့ ဒီလိုခံရတယ်လို့ ပဲ ဖြေသိမ့်လိုက်ရပါတယ်။ ကိုယ့်ကိုယ် ကို ဆုံးမမိတာက တော့ ကိုယ့် ခံယူချက်ကို သေချာရှင်း၂လင်းလင်း သိအောင်လုပ်ပါ။ လျှို့ဝှက်ချက်ထားပါ။ ကိုယ်ဘာလုပ်ချင်တယ် ဘာလုပ်မယ် ဆိုတာတွေ ကို မဖြစ်မြောက်ခင်ထိ သိုသိပ်ထားပါ။
Posts
Showing posts from August, 2020