Posts

Showing posts from April, 2018

May 2017 စခန်း ပွဲ ရှင်းတန်း (အောင်လံဆရာတော်) - အပိုင်း ၁ - စိတ်ကလေး နဲ့ လောက

 💪💪💪 May 2017 သံဃာတော်များအတွက် စခန်းပွဲ ရှင်းတန်း (အောင်လံဆရာတော်) ဟောပြောမှူအသံဖိုင်ကို ကူးရေးပူဇော်ပါသည် (Zawgyi) မိုးရြာသလိုပါပဲ . မိုးကေတာ့ရြာတာပါပဲ ခံယူတဲ့ခွက်ပေါ်မူတည်ပီးတော့ ကွဲပြားပါတယ် ခွက်မှောက်ထားတော့လဲ ဘာမှမရဘူး. ခွက်ပေါက်နဲ့ခံယူတော့လဲဘာမှ မရဘူး ခြေဆေးခွက်နဲ့ခံယူတော့ခြေဆေးရေ ရွှေခွက်နဲ့ခံယူတော့ ရွှေရည်။ ခုဆရာတော်တို့ သံဃာတော်များ စိတ္တသတိပဌာန် ရှုတယ်။ စိတ္တသတိပဌာန်ရှုတယ့် အခါကျတော့ သာသနာတော်မှာ ရှူရမယ့် ၂ ခုတည်းဆိုတာတွေ့လာတယ်။ ၂ ခုတည်းရှိတယ် . တစ်ခုက ဖြစ်လာတဲ့သဘောရယ် ။နောက်တစ်ခု ကပျောက်ဆုံးနေလို့ ချုပ်နေတဲ့သဘောရယ်။ြ ဖစ်လာတဲ့သဘောသည် ဒုက္ခသစ္စာ ။ ချုပ်ဆုံးနေတဲ့သဘောသည် ဒုက္ခနိရောဓ သစ္စာ။ ဖြစ်သဘောကို မြင်အောင်ရှုမှ ချုပ်သဘောကိုမြင်ပါတယ်။ ဖြစ်လာတဲ့သဘောကို သတိသေသေခြာခြာထားကြည့်တော့ ဒီစိတ်လေးတစ်လုံးက အလိုလို ကြံစည်တတ်တွေးတောတတ် ဆင်ခြင်တတ်တဲ့သဘောလေးကိုကြာကြာရှုလာမှ။ကြာကြာရှူလာတော့ သမ္မာဒိနြေ္ဒ သို့လာပီဆိုရင် (သူက အိနြေ္ဒတော့မထိုက်သေးပါဘူး သမာဓိပဲဖြစ်သေးတယ်) ဖြစ်လာတဲ့စိတ်ကလေးကို ကိုယ်ဖန်တီးတာလဲမဟုတ်ပဲနဲ့ မိမိလည်းဖြစ်ပေါ်အောင်မဆောင်ရွက်ပဲနဲ့ အလိုလိုပေါ်လာတဲ့သဘောလေး။ အဲ့အလိ...