May 2017 စခန်း ပွဲ ရှင်းတန်း (အောင်လံဆရာတော်) - အပိုင်း ၁ - စိတ်ကလေး နဲ့ လောက
💪💪💪
May 2017 သံဃာတော်များအတွက် စခန်းပွဲ ရှင်းတန်း (အောင်လံဆရာတော်) ဟောပြောမှူအသံဖိုင်ကို ကူးရေးပူဇော်ပါသည်
(Zawgyi)
မိုးရြာသလိုပါပဲ . မိုးကေတာ့ရြာတာပါပဲ
ခံယူတဲ့ခြက္ေပၚမူတည္ပီးေတာ့ ကြဲျပားပါတယ္
ခြက္ေမွာက္ထားေတာ့လဲ ဘာမွမရဘူး. ခြက္ေပါက္နဲ႕ခံယူေတာ့လဲဘာမွ မရဘူး
ေျခေဆးခြက္နဲ့ခံယူေတာ့ေျခေဆးေရ ေရႊခြက္နဲ့ခံယူေတာ့ ေရႊရည္။
ခုဆရာေတာ္တို့ သံဃာေတာ္မ်ား စိတၱသတိပဌာန္ ရွုတယ္။ စိတၱသတိပဌာန္ရွုတယ့္ အခါက်ေတာ့ သာသနာေတာ္မွာ ရွဴရမယ့္ ၂ ခုတည္းဆိုတာေတြ႕လာတယ္။ ၂ ခုတည္းရွိတယ္ . တစ္ခုက ျဖစ္လာတဲ့သေဘာရယ္ ။ေနာက္တစ္ခု ကေပ်ာက္ဆံုးေနလို့ ခ်ဳပ္ေနတဲ့သေဘာရယ္။ျ ဖစ္လာတဲ့သေဘာသည္ ဒုကၡသစၥာ ။ ခ်ဳပ္ဆံုးေနတဲ့သေဘာသည္ ဒုကၡနိေရာဓ သစၥာ။ ျဖစ္သေဘာကို ျမင္ေအာင္ရွဳမွ ခ်ဳပ္သေဘာကိုျမင္ပါတယ္။
ျဖစ္လာတဲ့သေဘာကို သတိေသေသျခာျခာထားၾကည့္ေတာ့ ဒီစိတ္ေလးတစ္လံုးက အလိုလို ၾကံစည္တတ္ေတြးေတာတတ္ ဆင္ျခင္တတ္တဲ့သေဘာေလးကိုုၾကာၾကာရွဳလာမွ။ၾကာၾကာရွူလာေတာ့ သမၼာဒိေျႏၵ သို့လာပီဆိုရင္ (သူက အိေျႏၵေတာ့မထိုက္ေသးပါဘူး သမာဓိပဲျဖစ္ေသးတယ္) ျဖစ္လာတဲ့စိတ္ကေလးကို ကိုယ္ဖန္တီးတာလဲမဟုတ္ပဲနဲ့ မိမိလည္းျဖစ္ေပၚေအာင္မေဆာင္ရြက္ပဲနဲ႕ အလိုလိုေပၚလာတဲ့သေဘာေလး။ အဲဲ့အလိုလုိေပၚလာတဲ့ စိတ္ကေလးကို သေဘာကို အကဲခတ္ၾကည့္ေတာ့ အရင္တုန္းကေတာ့
ဒါငါေတြးေတတယ္ ငါၾကံေနတယ္လို့ ေအာက္ေမ့တယ္ .. အခု မဟုတ္ဘူးတဲ့ ..တြးတတ္ၾကံတတ္တဲ့မ်ိဳးကိုက နဂိုတည္းကပါလာတာ။
အဲ့ေတြးတတ္ၾကံတတ္တဲ့စိတ္ထဲမွာ မသိမွဴ အ၀ိဇၨာ ရယ္ ဒိ႒ိ တဏွာ တို့ပါလာလို့ရွိရင္ အဲ့ဒီစိတ္ကေလးက ေနာက္စိတ္ကိုႏွိပ္စက္တယ္။ စိတ္ကိုစိတ္နဲ့ပဲနွိပ္စက္တယ္။ စိတ္ကို စိတ္နဲ႕ပဲေလာင္က်ြမ္းတယ္.. အဲ့ဒီလိုေလာင္က်ြမ္းတဲ့အခါ စိတ္ဆင္းရဲၾကတယ္။အဲ့ဒီစိတ္ကေလး ခ်ဳပ္သြားခဲ့ ရင္ဆင္းရဲမွဴခ်ဳပ္တယ္။ ဒါျဖင့္ဒီစိတ္မေပၚေအာင္ အပီးေသေအာင္ေတာ့လုပ္တာေတာ့မဟုတ္ဘူး..ေပၚေပၚလာတဲ့စိတ္ေတြက ပညတ္နဲ့ ကိေလသာနဲ႕ယွဥ္တဲ့စိတ္ေတြ ။ မီးေလာင္ေလာင္လာတဲ့စိတ္ေတြ။ မီးထထေတာက္လာတဲ့စိတ္ကေလး။ ဟိုအေၾကာင္းေတြးလိုက္ ဒီအေၾကာင္းေတြးလိုက္။ အတိတ္အေျကာင္းေတြးလိုက္ ။ အနာဂါတ္အေၾကာင္းေတြးလိုက္။အဲ့ဒီလို စိတ္က ဓမၼာရံု သို့ မဟုတ္ နိဗၺါန္ဆိုတဲ့ အာရံုကို မမွီတတ္. ေတာ့ ကာမဂုဏ္ဆိုတဲ့ ပညတ္ကာမ ရုပ္ေတြေလွ်ာက္ပီး တြယ္။ ေနွာင္ဖြဲ႕ပီးေတာ့ ရပ္တည္ေနတယ့္ သေဘာေလးေတြ႕လာတယ္။
ဒီလိုေစာင့္မၾကည့္ခင္တုန္းက ဒီသေဘာတရားေတြကိုမသိဘူး ငါေတြးေနတယ္..ငါၾကံေနတယ္..ဒီလိုပဲေနေနၾက။ သူမ်ားလည္းအတူတူ ဒီလိုပဲေနေနၾက..ကိုယ္လဲ အတူတူဒီလိုပဲေနေနၾက။ ဒီလိုပဲေနၾကတာပဲလို့ ေအာက္ေမ့တယ္။ အခုသေဘာကို ေသေသျခာျခာအကဲခတ္ၾကည့္ေတာ့ ဒီလို ေတြးမွဳၾကံမွူဆိုတဲ႕ အာသ၀မွာယိုစီးေနတဲ႕စိတ္ကေလးက မိမိရဲ့ ကမာၻေလာကၾကီး သို့မဟုတ္ မိမိရဲ့ေလာက ဆိုတာ ကိုယ့္စိတ္ပဲ။
ဒီစိတ္ကေလးေပၚလာတဲ့အခ်ိန္ေလာကျဖစ္ေနတယ္. သားေတြ ၊သမီးေတြ၊ ေဆြေတြ မ်ိဴးေတြ၊ အေပါင္းအသင္းေတြ၊ သြားတာေတြ၊ လာတာေတြ၊ ေနခဲ့ ထိုင္ခဲ့တာေတြ၊ ေျပာခဲ့တာေတြ၊ ဆိုခဲ့တာေတြ၊ စားခဲ့တာေတြ၊ ေတြ႕ခဲ့တာေတြ ၾကံဳခဲ့တာေတြ၊ အဲ့ဒါေတြ ကို ျပန္ျပန္ပီးေတာ့ ေလာကျပန္ဖြဲ႕တယ္ ။
ေလာက ေလာက ဆိုတာ စိတ္ပဲ. အဲ့ဒီစိတ္ ကေလးက ေလာကဖြဲ႕ပီးေတာ့ တစ္ေလာကပီး တစ္ေလာက တစ္ခုပီးတစ္ခု ရပ္တည္ေနတယ္။ အဲ့ဒီ စိတ္ကေလးခ်ုပ္သြားေတာ့ေလာကလဲ ခ်ဳပ္ပီး ျငိ္္မ္းခ်မ္းေနတယ္ ။။
ဆက္ရန္...
UNICODE VERSION
💪💪💪
မိုးရွာသလိုပါပဲ . မိုးကတော့ရွာတာပါပဲ
ခံယူတဲ့ခွက်ပေါ်မူတည်ပီးတော့ ကွဲပြားပါတယ်
ခွက်မှောက်ထားတော့လဲ ဘာမှမရဘူး. ခွက်ပေါက်နဲ့ခံယူတော့လဲဘာမှ မရဘူး
ခြေဆေးခွက်နဲ့ခံယူတော့ခြေဆေးရေ ရွှေခွက်နဲ့ခံယူတော့ ရွှေရည်။
ခုဆရာတော်တို့ သံဃာတော်များ စိတ္တသတိပဌာန် ရှုတယ်။ စိတ္တသတိပဌာန်ရှုတယ့် အခါကျတော့ သာသနာတော်မှာ ရှူရမယ့် ၂ ခုတည်းဆိုတာတွေ့လာတယ်။ ၂ ခုတည်းရှိတယ် . တစ်ခုက ဖြစ်လာတဲ့သဘောရယ် ။နောက်တစ်ခု ကပျောက်ဆုံးနေလို့ ချုပ်နေတဲ့သဘောရယ်။ြ ဖစ်လာတဲ့သဘောသည် ဒုက္ခသစ္စာ ။ ချုပ်ဆုံးနေတဲ့သဘောသည် ဒုက္ခနိရောဓ သစ္စာ။ ဖြစ်သဘောကို မြင်အောင်ရှုမှ ချုပ်သဘောကိုမြင်ပါတယ်။
ဖြစ်လာတဲ့သဘောကို သတိသေသေခြာခြာထားကြည့်တော့ ဒီစိတ်လေးတစ်လုံးက အလိုလို ကြံစည်တတ်တွေးတောတတ် ဆင်ခြင်တတ်တဲ့သဘောလေးကိုကြာကြာရှုလာမှ။ကြာကြာရှူလာတော့ သမ္မာဒိန္ဒြေ သို့လာပီဆိုရင် (သူက အိန္ဒြေတော့မထိုက်သေးပါဘူး သမာဓိပဲဖြစ်သေးတယ်) ဖြစ်လာတဲ့စိတ်ကလေးကို ကိုယ်ဖန်တီးတာလဲမဟုတ်ပဲနဲ့ မိမိလည်းဖြစ်ပေါ်အောင်မဆောင်ရွက်ပဲနဲ့ အလိုလိုပေါ်လာတဲ့သဘောလေး။ အဲ့အလိုလိုပေါ်လာတဲ့ စိတ်ကလေးကို သဘောကို အကဲခတ်ကြည့်တော့ အရင်တုန်းကတော့
ဒါငါတွေးတေတယ် ငါကြံနေတယ်လို့ အောက်မေ့တယ် .. အခု မဟုတ်ဘူးတဲ့ ..တွးတတ်ကြံတတ်တဲ့မျိုးကိုက နဂိုတည်းကပါလာတာ။
အဲ့တွေးတတ်ကြံတတ်တဲ့စိတ်ထဲမှာ မသိမှူ အဝိဇ္ဇာ ရယ် ဒိဋ္ဌိ တဏှာ တို့ပါလာလို့ရှိရင် အဲ့ဒီစိတ်ကလေးက နောက်စိတ်ကိုနှိပ်စက်တယ်။ စိတ်ကိုစိတ်နဲ့ပဲနှိပ်စက်တယ်။ စိတ်ကို စိတ်နဲ့ပဲလောင်ကျွမ်းတယ်.. အဲ့ဒီလိုလောင်ကျွမ်းတဲ့အခါ စိတ်ဆင်းရဲကြတယ်။အဲ့ဒီစိတ်ကလေး ချုပ်သွားခဲ့ ရင်ဆင်းရဲမှူချုပ်တယ်။ ဒါဖြင့်ဒီစိတ်မပေါ်အောင် အပီးသေအောင်တော့လုပ်တာတော့မဟုတ်ဘူး..ပေါ်ပေါ်လာတဲ့စိတ်တွေက ပညတ်နဲ့ ကိလေသာနဲ့ယှဉ်တဲ့စိတ်တွေ ။ မီးလောင်လောင်လာတဲ့စိတ်တွေ။ မီးထထတောက်လာတဲ့စိတ်ကလေး။ ဟိုအကြောင်းတွေးလိုက် ဒီအကြောင်းတွေးလိုက်။ အတိတ်အကြောင်းတွေးလိုက် ။ အနာဂါတ်အကြောင်းတွေးလိုက်။အဲ့ဒီလို စိတ်က ဓမ္မာရုံ သို့ မဟုတ် နိဗ္ဗါန်ဆိုတဲ့ အာရုံကို မမှီတတ်. တော့ ကာမဂုဏ်ဆိုတဲ့ ပညတ်ကာမ ရုပ်တွေလျှောက်ပီး တွယ်။ နှောင်ဖွဲ့ပီးတော့ ရပ်တည်နေတယ့် သဘောလေးတွေ့လာတယ်။
ဒီလိုစောင့်မကြည့်ခင်တုန်းက ဒီသဘောတရားတွေကိုမသိဘူး ငါတွေးနေတယ်..ငါကြံနေတယ်..ဒီလိုပဲနေနေကြ။ သူများလည်းအတူတူ ဒီလိုပဲနေနေကြ..ကိုယ်လဲ အတူတူဒီလိုပဲနေနေကြ။ ဒီလိုပဲနေကြတာပဲလို့ အောက်မေ့တယ်။ အခုသဘောကို သေသေခြာခြာအကဲခတ်ကြည့်တော့ ဒီလို တွေးမှုကြံမှူဆိုတဲ့ အာသဝမှာယိုစီးနေတဲ့စိတ်ကလေးက မိမိရဲ့ ကမ္ဘာလောကကြီး သို့မဟုတ် မိမိရဲ့လောက ဆိုတာ ကိုယ့်စိတ်ပဲ။
ဒီစိတ်ကလေးပေါ်လာတဲ့အချိန်လောကဖြစ်နေတယ်. သားတွေ ၊သမီးတွေ၊ ဆွေတွေ မျိူးတွေ၊ အပေါင်းအသင်းတွေ၊ သွားတာတွေ၊ လာတာတွေ၊ နေခဲ့ ထိုင်ခဲ့တာတွေ၊ ပြောခဲ့တာတွေ၊ ဆိုခဲ့တာတွေ၊ စားခဲ့တာတွေ၊ တွေ့ခဲ့တာတွေ ကြုံခဲ့တာတွေ၊ အဲ့ဒါတွေ ကို ပြန်ပြန်ပီးတော့ လောကပြန်ဖွဲ့တယ် ။
လောက လောက ဆိုတာ စိတ်ပဲ. အဲ့ဒီစိတ် ကလေးက လောကဖွဲ့ပီးတော့ တစ်လောကပီး တစ်လောက တစ်ခုပီးတစ်ခု ရပ်တည်နေတယ်။ အဲ့ဒီ စိတ်ကလေးချုပ်သွားတော့လောကလဲ ချုပ်ပီး ငြိ်မ်းချမ်းနေတယ် ။။
ဆက်ရန်...
Comments
Post a Comment