လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်
၁။ လုပ္တိုင္းမျဖစ္ စိတ္မညစ္နွင့္၊ ကိုယ္လုပ္တိုင္းသာျဖစ္ေနပါက ဘယ္မွာအနတၱရွိမည္နည္း။
၂။ ေျပာတိုင္းမရ ေဒါမထနွင့္၊ ကိုယ္ေျပာတိုင္းသာရေနပါက ဘယ္မွာအနတၱရွိမည္နည္း။
၃။ ၾကံတိုင္းမေျမာက္ စိတ္မေဖာက္နွင့္၊ ၾကံစည္တိုင္းသာ ျပီးေျမာက္ပါက ဘယ္မွာအနတၱရွိမည္နည္း။
၄။ ဆင္းရဲမွဳ႕ၾကံဳ မညည္းၫူနွင့္၊ ခ်မ္းသာခ်ည္းသာ ၾကံဳေနပါက ဘယ္မွာဒုကၡရွိမည္နည္း။
၅။ ပ်က္စီးတိုင္းလွ်င္ မပူပင္နွင့္၊ မပ်က္စီးကာခိုင္ျမဲပါက ဘယ္မွာအနိစၥရွိမည္နည္း။
၆။ အာရုံဟူသမွ် မေတာင့္တနွင့္၊ အာရုံတိုင္းသာေတာင့္တပါက ဘယ္မွာေလာဘ ဆုံးမည္နည္း။၇။ အရာရာမ်ိဳး စိတ္မဆိုးနွင့္၊ ေနရာတိုင္းသာ စိတ္ဆိုးပါက ဘယ္မွာေဒါသဆုံးမည္နည္း။
၈။ သိဥာဏ္မလိုက္ သင္မမိုက္နွင့္၊ သိဥာဏ္မရမိုက္ေနပါက ဘယ္မွာေမာဟဆုံးမည္နည္း။
၉။ ဗုဒၶတရားေမ႔မထားနွင့္၊ ဆုံးမတိုင္းသာ က်င့္ၾကံပါက ဘယ္မွာ နိဗၺန္ ေဝးမည္နည္း ။
(Unicode)
၁။ လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်၊ ကိုယ်လုပ်တိုင်းသာဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။
၂။ ပြောတိုင်းမရ ဒေါမထနှင့်၊ ကိုယ်ပြောတိုင်းသာရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။
၃။ ကြံတိုင်းမမြောက် စိတ်မဖောက်နှင့်၊ ကြံစည်တိုင်းသာ ပြီးမြောက်ပါက ဘယ်မှာအနတ္တရှိမည်နည်း။
၄။ ဆင်းရဲမှု့ကြုံ မညည်းညူနှင့်၊ ချမ်းသာချည်းသာ ကြုံနေပါက ဘယ်မှာဒုက္ခရှိမည်နည်း။
၅။ ပျက်စီးတိုင်းလျှင် မပူပင်နှင့်၊ မပျက်စီးကာခိုင်မြဲပါက ဘယ်မှာအနိစ္စရှိမည်နည်း။
၆။ အာရုံဟူသမျှ မတောင့်တနှင့်၊ အာရုံတိုင်းသာတောင့်တပါက ဘယ်မှာလောဘ ဆုံးမည်နည်း။
၇။ အရာရာမျိုး စိတ်မဆိုးနှင့်၊ နေရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာဒေါသဆုံးမည်နည်း။
၈။ သိဉာဏ်မလိုက် သင်မမိုက်နှင့်၊ သိဉာဏ်မရမိုက်နေပါက ဘယ်မှာမောဟဆုံးမည်နည်း။
၉။ ဗုဒ္ဓတရားမေ့မထားနှင့်၊ ဆုံးမတိုင်းသာ ကျင့်ကြံပါက ဘယ်မှာ နိဗ္ဗန် ဝေးမည်နည်း ။
Comments
Post a Comment