အောင်လံ ဆရာတော် အချောသပ် ရှင်းတန်း 6 - ဒုက္ခန္ဒြေကျော်ရေး
ခု ယောဂီ တို့ မဟာပလ္လင် ချိတ်တော့ ဝေဒနာတွေ တက်တော့ သိမ်းဆည်း နိုင် ရဲ့ လား စိတ်ကို ။ မသိမ်းဆည်း နိုင်ဘူး ။ ခုန က ဗိုက်ခွဲ ပီး မေ့ဆေးပေးတော့ မေ့ဆေးနဲ့ စိတ်မှာပေါင်းထားတော့ သိမ်းဆည်း မထားဘူးလား ။ သိမ်းဆည်းထား တယ် ဘာအား (ဘာကို) သိမ်းဆည်းထားတာ လဲ ။ တဏှာ။
တဏှာ သည် သုခ ဘိန်း အာရုံမှာ စိတ် ကို မခွာ တမ်း ပူးကပ်ပီး နှစ်မြုပ် ထားတော့ စိုက်မထားဘူးလား၊
အဲ့ လိုပဲ ဈာန်ကလဲ သူ့ရဲ့ ဓမ္မာရုံ မှာ စူးစူး စိုက်စိုက် ဧကဂ္ဂတာ မတုန် မလှုပ် စူးစူး စိုက်စိုက် ကပ်ထားတဲ့ အခါ ကျတော့ ဒီစိတ်သည် အောက်က မြွေ လေးကောင် အာရုံ နဲ့ ဆက်ဆံ သေးရဲ့လား။ မဆက်ဆံ တော့ဘူး တဲ့။
အဲ လို ဆို ရင် တရားကျင့်တဲ့ ယောဂီ ရဲ့ စိတ်သည် ဒုက္ခန္ဒြေ မှ ကျော်ရမယ်။ ပဌမဈာန် ရ သွားတဲ့ ပုဂ္ဂိုလ် သသည် ဘာကို ကျော်သွားလဲ ။ ဒုက္ခန္ဒြေ ကို ကျော် သွားတယ်.။ ကာမဂုဏ် ၅ ပါး အာရုံ တရားတေနဲ့ ဆက်ဆံ သေးလား။ မဆက် ဆံ ရင် ထို ကာမဂုဏ် တရား တို့ မှာ အမည် သင်ညာ ပေးသေးလား။
အဲ့ဒီတော့ ပဌမဈာန် ပထမ ရ တဲ့သမာဓိ သည်
ဒုက္ခ အာရုံ နဲ့ လည်း ဆက်ဆံ မှူ လွတ်ရမယ် ။
ဒေါသလဲ လွတ် ရမယ်။
ကာမ နဲ့လဲ လွတ်ရမယ်။ ကာမ သင်ညာ လဲ ချုပ် ရမယ်။
ဓမ္မာရုံ ဧကဂ္ဂတာ သမာဓိ တည်နေ တော့ ထိန မိဋ္ဌ လဲ ရှိသေးလား။ ဟို ပြေး ဒီပြေး ဥဒိစ္စ ရှိသေးလား ..ကမစ္စဆန္ဒ ရှိသေးလား..မရှိတော့ဘူး ။ ကြောင့်ကြတဲ့ စိုးရိမ်တဲ့ စိတ်ရှိသေးလား ။ သို့လော သို့လော ကော ရှိသေးလား ။ ဝီစိကိစ္စာ ဆို တဲ့ နိဝရဏ တရား ၅ ပါး ကော လွတ် မသွားဘူးလား။ လွတ်သွားပီ ။
ဒုက္ခဒြေ လွတ်သွားပီ ။
ကာမ သင်ညာ လွတ်ပီ ။
နိဝရဏ တရား ၅ ပါး လွတ်ပီ။
အဲ့ဒီတော့ တရားတွေ့ သလား ။ တရားလမ်းကြောင်း မှန်သလား လို့ မေးရင် ဘာနဲ့ စစ်မလဲ၊
သူ့ ဟာသူ ဘယ်မူ နဲ့ ပဲ ကျင့်ကျင့် လေ..
ဒုက္ခဒြေ ကျော်ရမယ်။ ကာမ သင်ညာ သိမ်းဆည်းနိုင်ရမယ်။ အတိတ် အနာဂါတ် ဓမ္မာ ရုံ သိမ်းဆည်းနိုင်ရမယ်။
အဲ့ ဒီလို ဒီခေတ်မှာ က ဒီ အဖြေ ကို ရှေ့တန်း မထားပဲ နဲ့ လာတာနဲ့ ရုပ်နဲ့ နာမ် ဖြစ်ပျက်နဲ့ ဉာဏ်စဉ် တွေ လျှောက်တတ် တဲ့အခါကျတော့ အဲ့ ဒါပဲ တရားကျင့်စဉ်လို့ ထင်ကြတယ်။
မိမိ စိတ်မှာ နိဝရဏ ကလဲ မကင်းဘူး ။တောင်ပြေးမြောက်ပြေး တဲ့ စိတ်ကလဲ မကင်းဘူ။ ကာမဂုဏ် နဲ့ ဆက်ဆံ တဲ့ အာရုံ ကလဲ မကင်းဘူး ။
တရားကျင့်တဲ့ ပုဂ္ဂိုလ် သည် အဲ့ဒီ ခန္ဓာအိမ် ကြီး တရား ထိုင်ပီးလို့ ရှိရင် ဣန္ဒြေ ပြင်ဆင်ပီးလို့ မျက်လုံး မှိတ်လိုက် တာနဲ့ မိမိ ခန္ဓာ ကိုယ်ကြီး ရှာလို့ မတွေ့ တော့ဘူး။ ခြေတွေ လက်တွေ ထားမယ် သေ သေချာချာ မျက် စိ နဲ့ ကြည့်ပီး မှတ် ။ လက် ကဘယ်လို ထားတယ် .။ခြေထောက် က ဘယ်လို ထားတယ် သေ သေချာချာ မှတ် ။ စွဲ အောင်မှတ်၊ မှတ်လို့ ပီးပီ သေချာပီဆို ရင် မျက်လုံးလေးမှိတ်လိုက် ခန္ဓာ ကိုယ် ရှာလို့ မတွေ့တော့ဘူး ။ အဲ့ ဒါဘာဖြစ်လို့ လဲ ။
ကာမ သင်ညာ ချုပ်လို့ ။
Comments
Post a Comment