အသုတ်စုံ
မြန်မာ အသုတ်စုံ ပြုလုပ်နည်း
အင်း ….ဒီနှစ်တော့ ကိုဗစ် ကာလ စင်ကာပူမှာ Phase 2 ပဲ ရှိသေးတယ်ဆိုတော့ အပြင်ထွက်ရင် လည်း social distancing ကို လိုက်နာနေရသေး တယ်လေ။ ဆိုင်တွေမှာ လိုက်ကျွေးရင်လဲ လူဦးရေ ကန့်သတ်ချက်တွေနဲ့ ရယ်… Circuit Breaker ကာလတုန်းက အိမ်မှာ ပဲ နေပြီး ချက်ပြုပ်စားနေရတော့ လက်စွမ်းတွေလည်း တက်လာတယ် (ကိုယ့် ကိုယ် ကို ထင်တာပေါ့နော် ဟီး) ဒါနဲ့ပဲ အိမ်မှာပဲ အသုတ်စုံ လုပ်ကျွေးဖို့ စီစဥ် ဖြစ်သွားတယ်ဆို ပါတော့ ။
အဲတော့ တယ်တယ်လေး တို့ကလည်း အစားသောက် စီစဥ် ချက်တာ ပြုတ်တာက ဝါဿနာ သိပ်ပါတယ်ဆို တော့ ဟင်းတစ်မျိုးကို ပဲ တစ်ခါချက် လက်ယာတစ်မျိုး .. 😅 . mood ပေါ် မူတည်ပြီးတော့ပေါ့လေ ..တစ်ခါတလေ လည်း လက်ရာက အရမ်းတွေ ကောင်းသလို တစ်ခါတစ်လေ လည်း ထည့်ရမယ့်ပစ္စည်းတွေ စီစဥ်မကျ.. အချိုးအစားတွေ မမှတ်မိတာ နဲ့ လုံးဝ ကို စားလို့ မကောင်းတတ်ဘူး။
ဒီတစ်ခေါက်တော့ အဲ့လိုမျိုး မဖြစ်ရအောင် ပါဝင်ပစ္စည်းတွေ နဲ့ ပြုလုပ်နည်း ကို မှတ်တမ်းတင်ထား လိုက်ရပါတယ်။ နောက်တစ် ခါစားချင်ရင်လည်း ပါဝင်ပစ္စည်းတွေ ဝယ်ဖို့ မမေ့တော့ အောင်ပေါ့။ နည်းလမ်းလေးတွေ ကတော့ အင်တာနက်၊ youtube က မြန်မာ food blogger တွေ ရဲ့ ပို့စ်တွေ video တွေ ကို လိုက်ကြည့်ပီး ရောသမ မွှေပီး ကိုယ်မှတ်မိတာလေးတွေ ကိုယ်ထည့်ချင်တာလေးတွေ နဲ့ စီစဥ် လိုက်တာပေါ့ နော်။ လိုက်လုပ်စားကြည့်လို့ အဆင်ပြေတယ် ဆိုလည်း မှတ်ချက်လေးတွေ ရေးသွားပေးလို့ရပါတယ်။ လိုအပ်တာလေး တွေ လည်း အကြံပြုနိုင် ပါတယ်။ ဒါမှ နောက်တစ်ခါ ထပ်စမ်းသပ်ပြီး လုပ်စားကြည့်ရအောင်ပါ ။
ပါဝင် ပစ္စည်းတွေကတော့
၁။ အသီးအရွက်စုံ
ဂေါ်ဖီ
သခွါးသီး
ပဲပင်ပေါက်
ပဲပြားကြော်
သင်္ဘောသီး စိမ်း
ကြက်သွန်စိမ်း
၂။ အသုပ်စုံ အတွက် အဓိက ပစ္စည်းများ
တို့ဖူး (ဆြာလေးN က ကြိုပေးမယ်လို့တော့ ပြောတာပဲ.. စားလို့ရရင်လည်း ထည့်လိုက်မယ်လေ။)
ကြာဆံ
ပဲကြာဆံ အနည်းငယ်
ခေါက်ဆွဲ နန်းပြား
အာလူး (ပြုတ်ပြီးသား- မထည့်လည်းရ )
ထမင်းဆီနီ (မထည့်လည်းရ)
၃။ အရသာထည့်ရန် ပစ္စည်းများ
ပဲမှုန့် အကြက်မှူန့်
ဆီချက်
ဆီချက်နီ
မန်ကျည်းရေ
ထန်းညက်ခဲ ( အချဥ်ရည်ဖျော်စပ်ရန်)
သံပရာသီး
ငြုပ်ကောင်းမှုန့် (ဟင်းခါးထဲ ထည့်ရန်)
ပုစွန်ခြောက်မှုန့်
ဆား
ငံပြာရည် (လိုအပ်ပါက ထည့်ရန်)
၄၊ တွဲဖက်စားသုံးရန်
ပဲကြော်
ဘူးသီးဟင်းခါး
ငြုပ်သီးကြက်မှုန့်
ပြုလုပ်ပုံ အဆင့်ဆင့်
၁။ အသီးအရွက် တွေ ကို ရေစင်စင် ဆေးပြီးပါးပါးလှီးထားပါမယ်။
၂။ ပဲပင်ပေါက် ကို ရေနွေးဆူဆူမှာ ၂ မိနစ်လောက်ထည့်ပြီး ပြန်ဆယ်ယူထားပါမယ်။
အသီးအရွက် ပုံထည့်ရန် ⇒
၃။ သင်္ဘောသီး စိမ်း ကိုလည်း ခြစ်နဲ့ ခြစ်ထားပါမယ်။ ပြင်ဆင်ထားပြီး အသီးအရွက်တွေ ကို ရေခဲသေတ္တာထဲ ခဏ ထည့်ထားပြီး စားခါနီးမှ ထုတ်ရင် ကျွတ်ကျွတ် နဲ့ လတ်လတ် ဆတ်ဆတ် ဖြစ်ပါတယ်။
၄။ တို့ဟူး ကို လည်း ပါးပါးလှီးထားပါမယ်။
၅။ ပဲပြားကြော်လေး တွေ ကို လည်းအနေတော် ညှပ်ထားမယ်နော်။
၅။ အချဥ်ရည်အတွက် မန်ကျည်းသီးမှည့် နဲ့ ထန်းညက်ကို ရေနွေးနဲ့ ၁၀ မိနစ်လောက်စိမ်ထားပါမယ်။ ပြီးမှ မန်ကျည်း အနှစ်လေး ရအောင် ဖျော်ထားပါမယ်။ Youtube က မချောစု လုပ်ပြတဲ့ ချဥ်ရည် နည်းလေးနဲ့လည်း စမ်းသပ်လုပ်စား ကြည့်လို့ ရပါတယ်။ သူ့ ဟာက တော့ ငြုပ်ဆီ ရယ်၊ ငံပြာရယ် ရယ် ပါထည့်ပြီး ရောကြိုရပါတယ်။ ပြီးမှ ကြက်သွန်ဖြူ ထောင်းထားတာလေး ထည့်ရပါတယ်။
၆။ ကဲ ထည့်စရာတွေ အဆင်သင့် ဖြစ်ပြီဆို ရင် ဇလုံထည်းကို အသီးအရွက် နဲ့ ကြာဆံ၊ ခေါက်ဆွဲတွေ ကို ဟိုနည်းနည်း ဒီနည်းနည်း ထည့်မယ်။
ပဲမှုန့်ထည့်မယ်။
အချဥ် ရည်ထည့်မယ်။
ဆားအနည်းငယ် ထည့်မယ်။
ပုစွန်ခြောက်မှုန့် အနည်းငယ်။
ဆီချက် အနည်းငယ်။
အကုန်လုံးထည့်ပြီးလျှင်တော့ လက်အိတ်လေးစွပ်ပီး နယ်ပါမယ်။ အပေါ့ အငန်အတွက် ဆား၊ ငံပြာရည် လိုအပ်သလို ထည့်နိုင်ပါတယ်။
ပန်းကန်လေးထဲ ကို ထည့်ပြီး ဘူးသီး ဟင်းခါးလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ။
(မှတ်ချက်၊ စာရေးတုန်းက October လတည်းကပါ.. ခုမှပဲ တင်ဖြစ်တော့တယ်။)
Comments
Post a Comment