May 2017 စခန်း ပွဲ ရှင်းတန်း (အောင်လံဆရာတော်) - အပိုင်း ၂ - ချုပ်ဆဲ ၌ ဣန္ဒြေ


ေလာက ေလာက ဆိုတာ စိတ္ပဲ. အဲ့ဒီစိတ္ ကေလးက ေလာကဖြဲ႕ပီးေတာ့ တစ္ေလာကပီး တစ္ေလာက ေျပာင္းေျပာင္းပီးေတာ့ တစ္ခုပီးတစ္ခု ရပ္တည္ေနတယ္။ အဲ့ဒီ စိ္တ္ကေလးခ်ဳပ္သြားတဲ့အခ်ိန္ ေလာကခ်ဳပ္သြားေတာ့  ျငိ္္မ္းခ်မ္းေနတယ္..ဒီစိတ္ေလး ျဖစ္လာတဲ့အခ်ိန္သည္ ေလာဘ၊ ေဒါသ၊ ေသာက နဲ့ေပၚလာတဲ့
စိတ္ကေလး ၊ ဒီစိတ္ကေလး ျဖစ္မွဳ ကေန ခ်ဳပ္မွဳသို့ေရာက္သြားတဲ့ အခါမွာ ေလာကခ်ဳပ္သြားတယ္။
အဲ့ဒီ ခ်ဳပ္မွဴသေဘာေလး မ်က္ေမွာက္ျပဳလိုက္တဲ့ အခါက်ေတာ့ အနိမိတၱဆို တဲ့ နိမိတ္ခ်ဳပ္ရာ စိတ္ခ်ဳပ္ရာကိုအာရံုျပဳလိုက္တဲ့အခါ ျငိမ္းခ်မ္းတယ္။

အဲ့ေတာ့ ျငိမ္းခ်မ္းတာကို ျမင္ခ်င္ရင္ မီးထေတာက္ေနတဲ့စိတ္ကေလး ကိုျမင္ေအာင္ရွဳရတယ္
အဲ့ မီးထေတာက္ျပီးေတာ့ ေလာကဖြဲတဲ့ စိတ္ကေလး ေပၚလာတာကိုသတိထားတာနဲ့ ေလာကခ်ဳပ္တဲ့ သေဘာကို ျမင္ရတယ္။

အဲ့ဒီေလာကခ်ဳပ္တဲ့ အနိမိတၱမွာ သမၼာဒိေျနၵ သို့ ေရာက္ပီဆို ရင္ အဲ့ဒီ ပုဂၢိဳလ္သည္ အဘိဇာ ေဒါမနႆမွ ၀ိေနယ်ေလာေက တဒဂ နဲ့ ၀ိခန္မန ကြာသြားပီ။
အဲ့ဒီလို လြတ္ေနတဲ့ ခ်ဳပ္ေနတဲ့ သေဘာတရားေလး ကို သတိေျႏၵ .သမာဓိေျႏၵ သို့  ထိုက္သြားပီ၊ ပိန္းၾကာဖက္ေပၚက ေရကေလးလို ေလတိုက္လဲ သူကသစ္ရြက္နဲ့ အတူ သူ့ေနရာကမေရြ႔ ႔ ပဲ ျငိမ္သက္ေနတဲ့ ပကတိ ျငိမ္သက္တဲ့ သေဘာေလးကို သတိသည္ ခ်ဳပ္မွဳသေဘာ နိုက္ ပကတိ ျငိမ္သက္တဲ့ သေဘာသို့ ေရာက္သြားလို့ ရွိရင္ ဘ၀င္တစ္ခ်က္ထပ္က်တယ္။
အဲ့လို ဒုတိယဘ၀င္ထပ္က်လို့ရွိရင္ တျပည့္ေတာ္(စခန္း၀င္ သံဃာေတာ္မ်ားကို ဆရာေတာ္ၾကီးမွေျပာျခင္း) ကေတာ့ အမွန္အတိုင္းေျပာမယ္  အဲ့ခ်ဳပ္ဆဲေလးကို ေရာက္သြားလို့ရွိရင္ သံသရာေနာက္ပိုင္း ျပတ္သြားတယ္.
ဘာနိမိတ္မွ လာလို့မရေတာ့ဘူး။ သတိ ၊ဥာဏ္၊ ပညာ ဒီ ၃ ခ်က္က ဦးထားပီဆို ရင္ ေနာက္ကနိမိတ္လာလို့မရဘူး။ အဲ့ဒီမွာ ခ်ဳပ္ဆဲေလးမ်က္ေမွာက္ျပဳပီးေတာ့ ေနတဲ့အခါမွာ အဲ့ဒီက ျပန္ခြာပီးေတာ့ဒီစိတ္ကို ျပန္ဆြဲထုတ္ အိေျႏၵထိုက္လို့ ဘ၀င္က်လို့ရွိရင္ ဆြဲထုတ္လို့မရေတာ့ပဲ ခ်ဳပ္ခ်ဳပ္ သြားပါတယ္။

အဲ့ဒီေတာ့မွ ဒုတိယဘ၀င္ ခ်ဳပ္ေၾကာင္းမွာမ်က္ေမွာက္ျပဳေနပီးေတာ့ အတိတ္ခ်ဳပ္၊ အနာဂါတ္ခ်ဳပ္၊ ပဥၥာရံုခ်ဳပ္၊ပဥၥဒြာရခ်ဳပ္၊ အခ်ိန္ခ်ဳပ္၊ နာရီခ်ဳပ္၊ ထိုင္သူခ်ဳပ္၊ တရားရွာသူခ်ဳပ္၊ တရားထိုင္တဲ့လူပုဂၢိဳလ္ ခႏၶာၾကီးခ်ဳပ္။ အဆင္း အလင္း အသံ အနံ႔ခ်ဳပ္။ အဲ့ဒီလို ကိေလသာနဲ့ ပညတ္ခ်ဳပ္မွူသေဘာမွာ .အိေျႏၵထိုက္သြားတဲ့ အတြက္ေၾကာင့္ သမာဓိ ကေန ခြာရွဳလို့ရွိရင္ အာရံု ကိုလိုက္လိုက္တြယ္ေနတာ၊ ခႏၶာ ကိုလိုက္လိုက္ပီးေတာ့ ဆက္စပ္ေနတာ အဲ့ဒါ မေနာသမၼဖႆ ဆိုပီးေတာ့ေတြ႔ပါတယ္

Unicode version

လောက လောက ဆိုတာ စိတ်ပဲ. အဲ့ဒီစိတ် ကလေးက လောကဖွဲ့ပီးတော့ တစ်လောကပီး တစ်လောက ပြောင်းပြောင်းပီးတော့ တစ်ခုပီးတစ်ခု ရပ်တည်နေတယ်။ အဲ့ဒီ စိတ်ကလေးချုပ်သွားတဲ့အချိန် လောကချုပ်သွားတော့  ငြိ်မ်းချမ်းနေတယ်..ဒီစိတ်လေး ဖြစ်လာတဲ့အချိန်သည် လောဘ၊ ဒေါသ၊ သောက နဲ့ပေါ်လာတဲ့ စိတ်ကလေး ၊ ဒီစိတ်ကလေး ဖြစ်မှု ကနေ ချုပ်မှုသို့ရောက်သွားတဲ့ အခါမှာ လောကချုပ်သွားတယ်။

အဲ့ဒီ ချုပ်မှူသဘောလေး မျက်မှောက်ပြုလိုက်တဲ့ အခါကျတော့ အနိမိတ္တဆို တဲ့ နိမိတ်ချုပ်ရာ စိတ်ချုပ်ရာကိုအာရုံပြုလိုက်တဲ့အခါ ငြိမ်းချမ်းတယ်။

အဲ့တော့ ငြိမ်းချမ်းတာကို မြင်ချင်ရင် မီးထတောက်နေတဲ့စိတ်ကလေး ကိုမြင်အောင်ရှုရတယ်။
အဲ့ မီးထတောက်ပြီးတော့ လောကဖွဲတဲ့ စိတ်ကလေး ပေါ်လာတာကိုသတိထားတာနဲ့ လောကချုပ်တဲ့ သဘောကို မြင်ရတယ်။ အဲ့ဒီလောကချုပ်တဲ့ အနိမိတ္တမှာ သမ္မာဒိနြေ္ဒ သို့ ရောက်ပီဆို ရင် အဲ့ဒီ ပုဂ္ဂိုလ်သည် အဘိဇာ ဒေါမနဿမှ ဝိနေယျလောကေ တဒဂ နဲ့ ဝိခန်မန ကွာသွားပီ။

အဲ့ဒီလို လွတ်နေတဲ့ ချုပ်နေတဲ့ သဘောတရားလေး ကို သတိနြေ္ဒ .သမာဓိနြေ္ဒ သို့  ထိုက်သွားပီ၊ ပိန်းကြာဖက်ပေါ်က ရေကလေးလို လေတိုက်လဲ သူကသစ်ရွက်နဲ့ အတူ သူ့နေရာကမရွေ့ ပဲ ငြိမ်သက်နေတဲ့ ပကတိ ငြိမ်သက်တဲ့ သဘောလေးကို သတိသည် ချုပ်မှုသဘော နိုက် ပကတိ ငြိမ်သက်တဲ့ သဘောသို့ ရောက်သွားလို့ ရှိရင် ဘဝင်တစ်ချက်ထပ်ကျတယ်။

အဲ့လို ဒုတိယဘဝင်ထပ်ကျလို့ရှိရင် တပြည့်တော်(စခန်းဝင် သံဃာတော်များကို ဆရာတော်ကြီးမှပြောခြင်း) ကတော့ အမှန်အတိုင်းပြောမယ်  အဲ့ချုပ်ဆဲလေးကို ရောက်သွားလို့ရှိရင် သံသရာနောက်ပိုင်း ပြတ်သွားတယ၊ ဘာနိမိတ်မှ လာလို့မရတော့ဘူး။ သတိ ၊ဉာဏ်၊ ပညာ ဒီ ၃ ချက်က ဦးထားပီဆို ရင် နောက်ကနိမိတ်လာလို့မရဘူး။ အဲ့ဒီမှာ ချုပ်ဆဲလေးမျက်မှောက်ပြုပီးတော့ နေတဲ့အခါမှာ အဲ့ဒီက ပြန်ခွာပီးတော့ဒီစိတ်ကို ပြန်ဆွဲထုတ် အိနြေ္ဒထိုက်လို့ ဘဝင်ကျလို့ရှိရင် ဆွဲထုတ်လို့မရတော့ပဲ ချုပ်ချုပ် သွားပါတယ်။

အဲ့ဒီတော့မှ ဒုတိယဘဝင် ချုပ်ကြောင်းမှာမျက်မှောက်ပြုနေပီးတော့ အတိတ်ချုပ်၊ အနာဂါတ်ချုပ်၊ ပဉ္စာရုံချုပ်၊ပဉ္စဒွာရချုပ်၊ အချိန်ချုပ်၊ နာရီချုပ်၊ ထိုင်သူချုပ်၊ တရားရှာသူချုပ်၊ တရားထိုင်တဲ့လူပုဂ္ဂိုလ် ခန္ဓာကြီးချုပ်။ အဆင်း အလင်း အသံ အနံ့ချုပ်။ အဲ့ဒီလို ကိလေသာနဲ့ ပညတ်ချုပ်မှူသဘောမှာ .အိနြေ္ဒထိုက်သွားတဲ့ အတွက်ကြောင့် သမာဓိ ကနေ ခွာရှုလို့ရှိရင် အာရုံ ကိုလိုက်လိုက်တွယ်နေတာ ။ ခန္ဓာ ကိုလိုက်လိုက်ပီးတော့ ဆက်စပ်နေတာ အဲ့ဒါ မနောသမ္မဖဿ ဆိုပီးတော့တွေ့ပါတယ်။

Comments

Popular posts from this blog

အသုတ်စုံ

လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်

လူ့ ဘ ဝ ရ ခိုက် မ မိုက် ကြ ရန်