မပျင်းနဲ့
photo credit : http://chibird.com/post/43690974497/time-to-get-off-my-lazy-bum-and-do-some-work
မပ်င္းနဲ႔
ပ်င္းရိေနရင္
ေတာ္ေတာ္နဲ႔ မေရာက္ဘူး။
ေျပာတုန္းကေတာ့ စီမံကိန္း ခ်တုန္း ကေတာ့
မုိးလားကဲလားနဲ႔တကယ္လည္း လုပ္မယ္က်ေတာ့
ေနပူတယ္၊ မုိးရြာတယ္၊ ဇာတ္ေက်ာတတ္တယ္၊
ေခါင္းကိုက္တယ္၊ဖ်ားတယ္နဲ႔ဆုိ ေတာ္ေတာ္နဲ႔
ခရီး မေရာက္ေတာ့ဘူးေလ။
ဒီေတာ့ မပ်င္းဖို႔လိုပါတယ္။
မေတြ ေဝနဲ႔
ေလာကီလူသားေပပဲ။
တစ္ခါခါ ၾကိဳးစားေနရင္းနဲ႔ စိတ္ဓာတ္က်တဲ့အခါ
ၾကံဳတတ္မယ္။
ငါဘာလုပ္ေနတာ ပါလိမ့္။
ဒါကို လုပ္လိုက္ေတာ့ေကာ ငါ့အတြက္ ဘာထူးလာမွာလဲ။
အဲ့ထက္ဆုိးတာက တစ္ခုခုကို ရည္ရြယ္ျပီး
လုပ္ေနရင္းတန္းလန္း ရည္ရြယ္ခ်က္ေပ်ာက္သြားတာမ်ိဳးေပါ့။ အဲဒါ ေတြေဝတာ။
ၾကိဳးစားေနသူ တစ္ေယာက္က မေတြေဝဘူး။
ခဏေလး ပ်င္းလို႔ ဟိုေတြးဒီေတြး
လုပ္လိုက္တာနဲ႔ ေတြေဝ သြားတတ္ပါတယ္။
ဒီေတာ့ ေတြေဝရင္ ဘဝခရီးေႏွာင္ေႏွးပါတယ္။
မစုိးရိမ္နဲ႔
ျဖစ္ေတာင္ မလာေသးဘူး။
ငါလုပ္ေကာ လုပ္ႏိုင္ပါ့မလား။
ငါ့အတြက္ လံုေလာက္တဲ့ Resource ေတြ ရွိေကာ
ရွိရဲ ႔ လား။
လုပ္လိုက္တာေတာ့ ဟုတ္ပါျပီ။
ရလဒ္က ေသခ်ာပါ့မလား အစရွိသျဖင့္
စုိးရိမ္စိတ္ ဝင္တတ္ ၾကပါတယ္။
ဒါေတြက မလုပ္ခင္ မေလွ်ာက္ခင္ကတည္းက
Plan ခ်ထား ရမွာေလ။
အဲဒါေတြ မခ်ထားရင္ေတာ့ စုိးရိမ္စိတ္က
အျမဲလိုလို ဝင္ေနမွာပဲ။
အားမငယ္နဲ႔
ငါ့ေဘာ္ဒါေတြမ်ား၊
သူတို႔ေတြမ်ား ဘာေတြျဖစ္ကုန္ျပီ၊
ညာေတြျဖစ္ကုန္ျပီ၊
ငါ့က်ေတာ့ ဘာမွ ျဖစ္မလာေသးပါလား အစရွိသျဖင့္
အားငယ္စိတ္က ေတာ္ေတာ္မ်ားမ်ား
ဝင္တတ္ၾကပါတယ္။
အဲ့လို ဝင္စရာမလိုပါဘူးကြယ္။
သူတို႔လည္း ထမင္းစား၊
တို႔လည္း ထမင္းစားေပမယ့္ ဘဝေပး ကုသိုလ္၊
ကံၾကမၼာေၾကာင့္ သူတို႔ျမန္ျမန္ ျဖစ္သြားၾကတာပဲ။
(ဘာျဖစ္တာလဲေတာ့ မသိဘူး)
ကိုယ္က ဘဝရဲ ႔အဓိပါၸယ္ ကုိ
သူတုိ႔ ေစာေစာ စီးစီး ရွာမွီးခြင့္ ရတယ္လို႔
သေဘာ ထားလိုက္။
ဘာၾကီးျဖစ္မွ၊ ညာၾကီးျဖစ္မွ
ေအာင္ျမင္တယ္လို႔ မေခၚဘူး။
ကိုယ္က်င္လည္ေနရတဲ့အေျခအေနထဲမွာ
စိတ္အေက်နပ္ဆံုး အေကာင္းဆံုး ဖန္တီးလိုက္ႏိုင္ျခင္း
ကလည္း ေအာင္ျမင္ျခင္း တစ္မ်ိဳးပဲ။
ျပီးေတာ့မွ ေနာက္တစ္ဆင့္တက္ေပါ့။
ဒီေတာ့ ေတြးျပီး အားငယ္ေနမယ့္အစား
သူတို႔ထက္ ပိုျပီး ၾကိဳးစားဖို႔ အားရွိေနလိ႔ု
ေနာက္က် တယ္ဆုိတဲ့ ခံယူခ်က္ ထားရပါမယ္။
လံုးဝ အားမငယ္ပါနဲ႔။
အခ်စ္ဆိပ္ မတက္ပါနဲ႔
ထူးဆန္းတယ္ဟုတ္။
မထူးဆန္းပါဘူး။
ပတ္ဝန္းက်င္မွာ ေတြ႔ေန ရလို႔ပါ။
လူေတြက ၾကိဳးစားေနရင္းနဲ႔ အရမ္း
Romantic ဆန္သြားရင္ ေရာင့္ရဲသြားတတ္ၾကပါတယ္
ေတာ္ျပီေလ။
တူႏွစ္ကိုယ္ တဲအုိပ်က္မွာ
ေနရတာမ်ိဳးမဟုတ္ေတာင္ တိုက္ခန္းေလးတစ္လံုး နဲ႔
ေနရရင္ျပီးပါျပီဆုိတာမ်ိဳးနဲ႔ ဘဝရည္မွန္းခ်က္ ေတြကို
အတိုက္စားခံလိုက္ၾကတယ္။
စိတ္ညစ္ေနတုန္း အားေပးေဖာ္ေလးရွိ၊
ပင္ပန္းေနတုန္း ေရတိုက္မယ့္သူရွိ တာက ေကာင္းေပမယ့္ ဘယ္သြားသြား ေျခေတာက္မွာ တြဲပါေနမယ့္
ေက်ာက္ခဲတုံးၾကီးျဖစ္ေနရင္ေတာ့ လံုးဝ မေကာင္းဘူး။
စိတ္ႏွလံုး ယာယီေပ်ာ္ရႊင္မွုအတြက္
အတၱစိတ္ နည္းဖို႔အတြက္ ေပးဆပ္ တယ္ဆုိတဲ့
အခ်စ္မ်ိဳးက လိုအပ္တာေတာ့ ဟုတ္ပါတယ္။
သုိ႔ေပမယ့္ အလုပ္လုပ္ေနလည္း ဖုန္းေတြဆက္၊
ညအိပ္လည္းဆက္၊ မအိပ္လည္းဆက္၊
တစ္ပတ္မွာ ၇ ရက္ေတြ႔၊ ေတြ႔ေတာ့ ၂၄ နာရီ၊
၈ နာရီက အျပင္မွာ ၈ နာရီက
အြန္လုိင္းမွာ အိပ္ခ်ိန္ေတာင္ ညက အိပ္မက္ဆုိး မက္လို႔ ကိုကို႔ကို သတိရလု႔ိပါ ဘာညာနဲ႔ မိမိရဲ႕ တိုးတက္ခ်င္တဲ့ စိတ္ကေလးေတြ ေရာင့္ရဲ သြားၾကမွာ အမွန္ပါပဲ။
ဒီေတာ့ ခ်စ္ေတာ့ ခ်စ္ႏိုင္ပါတယ္။
သုိ႔ေပမယ့္ Target တစ္ခုထားျပီး ၾကိဳးစားေနစဥ္ ကာလမွာ အဆိပ္ေတာ့ မတတ္ပါနဲ႔။
ေျဖေဆးမရွိပါဘူး။
ျကိဳးစားေနတဲ့ လူငယ္ေတြအတြက္ က်ရွံးေစမယ့္
အေၾကာင္းျပခ်က္ တစ္ခု ျဖစ္ပါတယ္။
အေပ်ာ္မမက္နဲ႔
စိတ္ထြက္ေပါက္၊ စိတ္ထြက္ေပါက္ဆုိျပီး
ေဘာ္ဒါေတြနဲ႔ ေသာက္လိုက္မယ္။ စားလိုက္မယ္။
ကဲလိုက္မယ္။ လုပ္ေတာ့ လုပ္ေပါ့။
ဒါကိုလည္း Limit ေလးေတာ့ ထားေလ။
ကိုယ္လက္ရွိ လုပ္ေနတဲ့ လုပ္ငန္းေဆာင္တာေတြ ကို
ပ်က္ျပားေလာက္ေအာင္ အေပ်ာ္ေတြ
အရမ္းမ်ားေနရင္လည္း မေကာင္းဘူး။
ျပီးေတာ့မွ ငါ့ကို အရက္ဝိုင္းတုိက္ ေကာင္ေတြ
သူတုိ႔က်ေတာ့ Project ျပီးသြားပါလားဟ ဆုိျပီး
ေနာင္တေတြ ရေနလိမ့္မယ္။
အခ်ိဳ ႔က ကိုယ့္ ေအာင္ျမင္မွုအတြက္
တစ္ဖက္သားကို လမ္းလြဲေအာင္လုပ္ဖို႔ ဝန္မေလးဘူး။
ဒီေတာ့ ကိုယ့္ကိုအခ်ိဳသတ္ျပီး ဆီစမ္း
ပဲဆီနံေလး ေမြးလိုက္တာလို႔ ေရရြတ္ေနရင္း
ဘဝပ်က္သြားပါမယ္။
အခ်ိဳ ႔က်ေတာ့လည္း ဘယ္သူမွ မဖ်က္ပဲ
ကိုယ္တိုင္ ဝါသနာနဲ႔ကို ေပ်ာ္တတ္တာလည္း ရွိတယ္ေလ။ Limit ေလးနဲ႔ေတာ့ ကဲၾကေပါ့။
အိေျႏၵရရေလး ေပ်ာ္ႏိုင္ပါတယ္။
ဒါနဲ႔ ထပ္ေလာင္းေျပာခ်င္တာက
ၾကိဳးစားေနတဲ့ ဘဝရဲ ႔ အရသာဆုိတာဟာလည္း
ပန္းတိုင္ေရာက္မွခူးဆြတ္ရမွာ မဟုတ္ပါဘူးေနာ္
အသီး မသီးေသးေပမယ့္ အရြက္ေတြ ခူးျပီး
ဟင္းစားလုပ္ႏိုင္ပါေသးတယ္။
တစ္ခါတစ္ေလက် ၾကိဳးစားေနရင္းနဲ႔ အခ်ိဳ ႔က
Quality of Life ကုိေမ့သြားၾကတယ္ေလ။
ဒီေတာ့ ေအာင္ျမင္မွုအတြက္ ပန္းတိုင္ကို
ထားရွိေပမယ့္ ေပ်ာ္ရႊင္မွုအတြက္ကေတာ့
စကၠန္႔တိုင္းဟာ ပန္းတိုင္ပါပဲ။
အားလံုး ၾကိဳးစားရက်ိဳးႏွပ္တဲ့ ပန္းတိုင္တစ္ခုသုိ႔
ေရာက္ရွိႏိုင္ၾကပါေစ။
Credit to Aung Ko Latt
မပျင်းနဲ့
ပျင်းရိနေရင်
ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို
တော်တော်နဲ့ မရောက်ဘူး။
ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့
မိုးလားကဲလားနဲ့တကယ်လည်း လုပ်မယ်ကျတော့
နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊
ခေါင်းကိုက်တယ်၊ဖျားတယ်နဲ့ဆို တော်တော်နဲ့
ခရီး မရောက်တော့ဘူးလေ။
ဒီတော့ မပျင်းဖို့လိုပါတယ်။
မတွေ ဝေနဲ့
လောကီလူသားပေပဲ။
တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ
ကြုံတတ်မယ်။
ငါဘာလုပ်နေတာ ပါလိမ့်။
ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။
အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး
လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။
ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။
ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး
လုပ်လိုက်တာနဲ့ တွေဝေ သွားတတ်ပါတယ်။
ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။
မစိုးရိမ်နဲ့
ဖြစ်တောင် မလာသေးဘူး။
ငါလုပ်ကော လုပ်နိုင်ပါ့မလား။
ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော
ရှိရဲ့ လား။
လုပ်လိုက်တာတော့ ဟုတ်ပါပြီ။
ရလဒ်က သေချာပါ့မလား အစရှိသဖြင့်
စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။
ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်းက
Plan ချထား ရမှာလေ။
အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က
အမြဲလိုလို ဝင်နေမှာပဲ။
အားမငယ်နဲ့
ငါ့ဘော်ဒါတွေများ၊
သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊
ညာတွေဖြစ်ကုန်ပြီ၊
ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့်
အားငယ်စိတ်က တော်တော်များများ
ဝင်တတ်ကြပါတယ်။
အဲ့လို ဝင်စရာမလိုပါဘူးကွယ်။
သူတို့လည်း ထမင်းစား၊
တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊
ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။
(ဘာဖြစ်တာလဲတော့ မသိဘူး)
ကိုယ်က ဘဝရဲ့အဓိပါ္ပယ် ကို
သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့
သဘော ထားလိုက်။
ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ
အောင်မြင်တယ်လို့ မခေါ်ဘူး။
ကိုယ်ကျင်လည်နေရတဲ့အခြေအနေထဲမှာ
စိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်း
ကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။
ပြီးတော့မှ နောက်တစ်ဆင့်တက်ပေါ့။
ဒီတော့ တွေးပြီး အားငယ်နေမယ့်အစား
သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလိ့ု
နောက်ကျ တယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။
လုံးဝ အားမငယ်ပါနဲ့။
အချစ်ဆိပ် မတက်ပါနဲ့
ထူးဆန်းတယ်ဟုတ်။
မထူးဆန်းပါဘူး။
ပတ်ဝန်းကျင်မှာ တွေ့နေ ရလို့ပါ။
လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း
Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်
တော်ပြီလေ။
တူနှစ်ကိုယ် တဲအိုပျက်မှာ
နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေးတစ်လုံး နဲ့
နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို
အတိုက်စားခံလိုက်ကြတယ်။
စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊
ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိ တာက ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့်
ကျောက်ခဲတုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။
စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက်
အတ္တစိတ် နည်းဖို့အတွက် ပေးဆပ် တယ်ဆိုတဲ့
အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။
သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊
ညအိပ်လည်းဆက်၊ မအိပ်လည်းဆက်၊
တစ်ပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ၊
၈ နာရီက အပြင်မှာ ၈ နာရီက
အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလု့ိပါ ဘာညာနဲ့ မိမိရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲ သွားကြမှာ အမှန်ပါပဲ။
ဒီတော့ ချစ်တော့ ချစ်နိုင်ပါတယ်။
သို့ပေမယ့် Target တစ်ခုထားပြီး ကြိုးစားနေစဉ် ကာလမှာ အဆိပ်တော့ မတတ်ပါနဲ့။
ဖြေဆေးမရှိပါဘူး။
ကြိုးစားနေတဲ့ လူငယ်တွေအတွက် ကျရှံးစေမယ့်
အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။
အပျော်မမက်နဲ့
စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး
ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။
ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။
ဒါကိုလည်း Limit လေးတော့ ထားလေ။
ကိုယ်လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ကို
ပျက်ပြားလောက်အောင် အပျော်တွေ
အရမ်းများနေရင်လည်း မကောင်းဘူး။
ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ
သူတို့ကျတော့ Project ပြီးသွားပါလားဟ ဆိုပြီး
နောင်တတွေ ရနေလိမ့်မယ်။
အချို့က ကိုယ့် အောင်မြင်မှုအတွက်
တစ်ဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။
ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီစမ်း
ပဲဆီနံလေး မွေးလိုက်တာလို့ ရေရွတ်နေရင်း
ဘဝပျက်သွားပါမယ်။
အချို့ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ
ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့။
အိန္ဒြေရရလေး ပျော်နိုင်ပါတယ်။
ဒါနဲ့ ထပ်လောင်းပြောချင်တာက
ကြိုးစားနေတဲ့ ဘဝရဲ့ အရသာဆိုတာဟာလည်း
ပန်းတိုင်ရောက်မှခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်
အသီး မသီးသေးပေမယ့် အရွက်တွေ ခူးပြီး
ဟင်းစားလုပ်နိုင်ပါသေးတယ်။
တစ်ခါတစ်လေကျ ကြိုးစားနေရင်းနဲ့ အချို့က
Quality of Life ကိုမေ့သွားကြတယ်လေ။
ဒီတော့ အောင်မြင်မှုအတွက် ပန်းတိုင်ကို
ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့
စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။
အားလုံး ကြိုးစားရကျိုးနှပ်တဲ့ ပန်းတိုင်တစ်ခုသို့
ရောက်ရှိနိုင်ကြပါစေ။
Credit to Aung Ko Latt
Comments
Post a Comment