လူ့ ဘ ဝ ရ ခိုက် မ မိုက် ကြ ရန်



``လူ႔ ဘ ဝ ရ ခိုက္ မ မိုက္ ၾက ရန္´´
■ ဆိုလိမ့္ဟုတ္ရာ ၊ စဥ္းစားပါေလာ့.......
ခႏၶာဘာရ ၊ ပဥၥကကား
ယုယခင္မင္ ၊ စိန္ေရႊဆင္၍
ျပဳျပင္ပိုက္ေထြး ၊ နင္ေကၽြးေမြးလည္း
အေရးမေရာက္ ၊ သဲေရေမွာက္သို႔
နင့္ေနာက္မပါ ၊ နင္လိုရာကို
ဘယ္ခါမလိုက္ ၊ နင့္အႀကိဳက္ႏွင့္
တိုက္ရိုက္ဖီလာ ၊ ဆန္႔က်င္ပါခဲ့
ရုပ္ဝါႏုနယ္ ၊ ရူစဖြယ္ႏွင့္
တင့္တယ္ရႊန္းစို ၊ နင္လွလိုလည္း
အအိုစာရင္း ၊ သူကသြင္း၏။
■ ေဘးရန္ကင္းကြာ ၊ လြန္ခ်မ္းသာ၍
မနာရလို ၊ ေတာင္းဆုဆိုလည္း
နင့္ကိုမညႇာ ၊ ေဘးေရာဂါႏွင့္
ခါခါမငဲ့ ၊ မိတ္ေဆြဖဲြ႕၏။
■ နင္ႏွင့္တူညီ ၊ ခ်စ္ႀကိဳးသီသား
ပလီပလာ ၊ အျပစ္ကြာသည့္
ခ်စ္စြာမယား ၊ သမီးသားႏွင့္
စီးပြားဥစၥာ ၊ ဉာတကာကို
ဘယ္ခါမခဲြ ၊ အတူတဲြ၍
အျမဲျပံဳးခ်ိဳ ၊ ေနရလိုလည္း
နင့္ကိုမေထာက္ ၊ နင့္ေနာက္မလိုက္
အပူတိုက္၍ ၊ နင္ဟိုက္နင္ေခြ
နင့္ကိုေသေအာင္ ၊ က်ားေႁမြခံတြင္း
အစာသြင္းသို႔ ၊ ေသမင္းသူ႔လက္
ပဏၰာဆက္၏။
■ လ ရက္ ႏွစ္ေတြ ၊ အသေခ်ၤႏွင့္
လြန္ေလဘဝ ၊ အနႏၲက
ဆုံး,စမပိုင္ ၊ ယခုတိုင္ေအာင္
ႏိုင္ႏိုင္နင္းနင္း ၊ ဉာဏ္မသြင္း၍
ေသမင္းသူလၽွိဳ ၊ ခႏၶာကိုယ္ကို
မၿငိဳျငင္ရက္ ၊ စဲြလမ္းခ်က္ျဖင့္
ၿမိဳင္နက္စြန္ဖ်ား ၊ ေတာသစ္က်ားကို
မယ္ဖြားမိခင္ ၊ ႏြားငယ္ထင္သို႔
အျမင္မေျဖာင့္ ၊ ဝိပၸလ္ေမွာင့္၍
ေၾကာင့္ေၾကာင့္ၾကၾက ၊ ျပဳခဲ့လွၿပီ။
■ ဘုရားသာသနာ ၊ ခုအခါ၌
ပညာစကၡဳ ၊ ဉာဏ္ျဖင့္ရႈေလာ့
ဥတုဂိမွန္ ၊ အခ်ိန္တန္ေသာ္
သူရကန္ေရြ႕ ၊ အပူေငြ႕ေၾကာင့္
ေရေသြ႕ခန္းျငား ၊ အိုင္ပက္ကားဝယ္
က်က္စားေနရ ၊ ငါး,မစၧတို႔
ေရကလည္းနည္း ၊ သိန္းစြန္ဝဲ၍
ေပ်ာ္ပဲြျမဴမွ်၊ ရွာမရဘဲ
ေသၾကဖို႔ရာ ၊ နီးကပ္လာသို႔....
သူငါကစ ၊ ရိွသမၽွလည္း
ေန႔ညမလပ္ ၊ အစဥ္စပ္လ်က္
ဥပါဒ္ဌီဘင္ ၊ မျပတ္ႏွင္၍
ေပ်ာ္ရႊင္စရာ ၊ မရိွပါဘဲ
ဖ်ားနာကိုက္ခဲ ၊ ေရာဂါစဲြလ်က္
ေသပဲြေသလမ္း ၊ ေသစခန္းႏွင့္
ေသလမ္းသို႔သာ ၊ နီးကပ္လာ၏။
■ ငါငါတက္ႂကြ ၊ မာန္မာနႏွင့္
ေလာဘေဒါသာ ၊ အစျဖာသား
ယုတ္မာစြာလွ ၊ အဓမၼကို
ေဝးကမလာ ၊ ကင္းစင္ကြာေအာင္
ခါခါမပြား ၊ အပ်င္းမ်ားမူ
ေလးပါးပါယ္ရြာ ၊ နင့္အိမ္သာဟု
စိတ္မွာစဲြကပ္ ၊ သတိခ်ပ္ေလာ့.....။
■ လူ႔ရပ္နတ္ရြာ ၊ ထက္ျဗဟၼာႏွင့္
မဟာသုခ ၊ နိဗၺာနသို႔
ရွစ္ဝမဂၢင္ ၊ သေဘၤာယာဥ္ျဖင့္
ေဆာလ်င္ကပ္ခို ၊ ေရာက္ရလိုမူ
ထိုထိုပုည ၊ ကုသလကို
ေန႔ညမစဲ ၊ လံု႔လသည္းေလာ့....။
■ ၾကံဳခဲလွစြာ ၊ သာသနာႏွင့္
နင္မွာမေရြ႕ ၊ ယခုေတြ႕ၿပီ
ေမ့ေမ့မူးမူး ၊ နင္မရူးႏွင့္
ဆီဦးေထာပတ္ ၊ ရသဓာတ္ကို
အျမတ္တစ္ခု ၊ မွတ္မရႈဘဲ
ရြာသူဝက္မိုက္ ၊ မစင္ႀကိဳက္သို႔
အၿမိဳက္တရား ၊ နင္ေရွာင္ရွား၍
ငါးပါးအာရုံ ၊ မစင္ပုံကို
စုံစုံမက္မက္ ၊ မႏွစ္သက္ႏွင့္၊
ထက္ျမက္အဖ်ား ၊ သင္တုံးသြားဝယ္
ပ်ားသဖြယ္ဟု.....
ဉာဏ္က်ယ္သေလာက္ ၊ အျပစ္ေကာက္၍
ေတာင္ေခ်ာက္ၿမိဳင္ဖ်ား ၊ သမင္မ်ားကိုသစ္က်ားပုံေအာင္း ၊ အရေခ်ာင္းသို႔
ေတာင္ေခါင္းရိပ္ေျမာင္ ၊ သခၤန္းေခ်ာင္ဝယ္၊ တိမ္းေရွာင္တစ္ကိုယ္ ၊ ေတာေတာဆို၍ ၊
မဂ္,ဖိုလ္မေႏွာင္း၊အရေခ်ာင္းမွ ၊ အေပါင္းဒုကၡ၊ကင္းလြတ္ရဟု ၊ ဗုဒၶေရႊႏႈတ္၊ၾကာခမုခ္က ၊ လွစ္ထုတ္ႁမြက္ၾကား
မိန္႔ေတာ္ထားသည္....
နင္ကား နင့္တြက္ က်င့္ေတာ့တည္း။
[ေက်းဇူးေတာ္ရွင္ လယ္တီဆရာေတာ္ဘုရား၏ ဆုံးမစာ]

``လူ့ ဘ ဝ ရ ခိုက် မ မိုက် ကြ ရန်´´
■ ဆိုလိမ့်ဟုတ်ရာ ၊ စဉ်းစားပါလော့.......
ခန္ဓာဘာရ ၊ ပဉ္စကကား
ယုယခင်မင် ၊ စိန်ရွှေဆင်၍
ပြုပြင်ပိုက်ထွေး ၊ နင်ကျွေးမွေးလည်း
အရေးမရောက် ၊ သဲရေမှောက်သို့
နင့်နောက်မပါ ၊ နင်လိုရာကို
ဘယ်ခါမလိုက် ၊ နင့်အကြိုက်နှင့်
တိုက်ရိုက်ဖီလာ ၊ ဆန့်ကျင်ပါခဲ့
ရုပ်ဝါနုနယ် ၊ ရူစဖွယ်နှင့်
တင့်တယ်ရွှန်းစို ၊ နင်လှလိုလည်း
အအိုစာရင်း ၊ သူကသွင်း၏။
■ ဘေးရန်ကင်းကွာ ၊ လွန်ချမ်းသာ၍
မနာရလို ၊ တောင်းဆုဆိုလည်း
နင့်ကိုမညှာ ၊ ဘေးရောဂါနှင့်
ခါခါမငဲ့ ၊ မိတ်ဆွေဖွဲ့၏။
■ နင်နှင့်တူညီ ၊ ချစ်ကြိုးသီသား
ပလီပလာ ၊ အပြစ်ကွာသည့်
ချစ်စွာမယား ၊ သမီးသားနှင့်
စီးပွားဥစ္စာ ၊ ဉာတကာကို
ဘယ်ခါမခွဲ ၊ အတူတွဲ၍
အမြဲပြုံးချို ၊ နေရလိုလည်း
နင့်ကိုမထောက် ၊ နင့်နောက်မလိုက်
အပူတိုက်၍ ၊ နင်ဟိုက်နင်ခွေ
နင့်ကိုသေအောင် ၊ ကျားမြွေခံတွင်း
အစာသွင်းသို့ ၊ သေမင်းသူ့လက်
ပဏ္ဏာဆက်၏။
■ လ ရက် နှစ်တွေ ၊ အသင်္ချေနှင့်
လွန်လေဘဝ ၊ အနန္တက
ဆုံး,စမပိုင် ၊ ယခုတိုင်အောင်
နိုင်နိုင်နင်းနင်း ၊ ဉာဏ်မသွင်း၍
သေမင်းသူလျှို ၊ ခန္ဓာကိုယ်ကို
မငြိုငြင်ရက် ၊ စွဲလမ်းချက်ဖြင့်
မြိုင်နက်စွန်ဖျား ၊ တောသစ်ကျားကို
မယ်ဖွားမိခင် ၊ နွားငယ်ထင်သို့
အမြင်မဖြောင့် ၊ ဝိပ္ပလ်မှောင့်၍
ကြောင့်ကြောင့်ကြကြ ၊ ပြုခဲ့လှပြီ။
■ ဘုရားသာသနာ ၊ ခုအခါ၌
ပညာစက္ခု ၊ ဉာဏ်ဖြင့်ရှုလော့
ဥတုဂိမှန် ၊ အချိန်တန်သော်
သူရကန်ရွေ့ ၊ အပူငွေ့ကြောင့်
ရေသွေ့ခန်းငြား ၊ အိုင်ပက်ကားဝယ်
ကျက်စားနေရ ၊ ငါး,မစ္ဆတို့
ရေကလည်းနည်း ၊ သိန်းစွန်ဝဲ၍
ပျော်ပွဲမြူမျှ၊ ရှာမရဘဲ
သေကြဖို့ရာ ၊ နီးကပ်လာသို့....
သူငါကစ ၊ ရှိသမျှလည်း
နေ့ညမလပ် ၊ အစဉ်စပ်လျက်
ဥပါဒ်ဌီဘင် ၊ မပြတ်နှင်၍
ပျော်ရွှင်စရာ ၊ မရှိပါဘဲ
ဖျားနာကိုက်ခဲ ၊ ရောဂါစွဲလျက်
သေပွဲသေလမ်း ၊ သေစခန်းနှင့်
သေလမ်းသို့သာ ၊ နီးကပ်လာ၏။
■ ငါငါတက်ကြွ ၊ မာန်မာနနှင့်
လောဘဒေါသာ ၊ အစဖြာသား
ယုတ်မာစွာလှ ၊ အဓမ္မကို
ဝေးကမလာ ၊ ကင်းစင်ကွာအောင်
ခါခါမပွား ၊ အပျင်းများမူ
လေးပါးပါယ်ရွာ ၊ နင့်အိမ်သာဟု
စိတ်မှာစွဲကပ် ၊ သတိချပ်လော့.....။
■ လူ့ရပ်နတ်ရွာ ၊ ထက်ဗြဟ္မာနှင့်
မဟာသုခ ၊ နိဗ္ဗာနသို့
ရှစ်ဝမဂ္ဂင် ၊ သင်္ဘောယာဉ်ဖြင့်
ဆောလျင်ကပ်ခို ၊ ရောက်ရလိုမူ
ထိုထိုပုည ၊ ကုသလကို
နေ့ညမစဲ ၊ လုံ့လသည်းလော့....။
■ ကြုံခဲလှစွာ ၊ သာသနာနှင့်
နင်မှာမရွေ့ ၊ ယခုတွေ့ပြီ
မေ့မေ့မူးမူး ၊ နင်မရူးနှင့်
ဆီဦးထောပတ် ၊ ရသဓာတ်ကို
အမြတ်တစ်ခု ၊ မှတ်မရှုဘဲ
ရွာသူဝက်မိုက် ၊ မစင်ကြိုက်သို့
အမြိုက်တရား ၊ နင်ရှောင်ရှား၍
ငါးပါးအာရုံ ၊ မစင်ပုံကို
စုံစုံမက်မက် ၊ မနှစ်သက်နှင့်၊
ထက်မြက်အဖျား ၊ သင်တုံးသွားဝယ်
ပျားသဖွယ်ဟု.....
ဉာဏ်ကျယ်သလောက် ၊ အပြစ်ကောက်၍
တောင်ချောက်မြိုင်ဖျား ၊ သမင်များကိုသစ်ကျားပုံအောင်း ၊ အရချောင်းသို့
တောင်ခေါင်းရိပ်မြောင် ၊ သင်္ခန်းချောင်ဝယ်၊ တိမ်းရှောင်တစ်ကိုယ် ၊ တောတောဆို၍ ၊
မဂ်,ဖိုလ်မနှောင်း၊အရချောင်းမှ ၊ အပေါင်းဒုက္ခ၊ကင်းလွတ်ရဟု ၊ ဗုဒ္ဓရွှေနှုတ်၊ကြာခမုခ်က ၊ လှစ်ထုတ်မြွက်ကြား
မိန့်တော်ထားသည်....
နင်ကား နင့်တွက် ကျင့်တော့တည်း။
[ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရား၏ ဆုံးမစာ]

Comments

Popular posts from this blog

အသုတ်စုံ

လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်