အသုတ်စုံ
မြန်မာ အသုတ်စုံ ပြုလုပ်နည်း မွေးနေ့ အတွက် အသိ မိတ်ဆွေတွေ ကို တစ်ခုခုကျွေးဖို့ စဥ်းစားမိတယ်။ ခါတိုင်း နှစ်တွေ ကတော့ အပြင်ထွက် ဆိုင်တစ်ခုခု မှာ သူတို့စားချင်တာလေးတွေ လိုက်ကျွေးပြီး မွေးနေ့ ကို ကျင်းပဖြစ်တယ်ပေါ့ ။ အင်း ….ဒီနှစ်တော့ ကိုဗစ် ကာလ စင်ကာပူမှာ Phase 2 ပဲ ရှိသေးတယ်ဆိုတော့ အပြင်ထွက်ရင် လည်း social distancing ကို လိုက်နာနေရသေး တယ်လေ။ ဆိုင်တွေမှာ လိုက်ကျွေးရင်လဲ လူဦးရေ ကန့်သတ်ချက်တွေနဲ့ ရယ်… Circuit Breaker ကာလတုန်းက အိမ်မှာ ပဲ နေပြီး ချက်ပြုပ်စားနေရတော့ လက်စွမ်းတွေလည်း တက်လာတယ် (ကိုယ့် ကိုယ် ကို ထင်တာပေါ့နော် ဟီး) ဒါနဲ့ပဲ အိမ်မှာပဲ အသုတ်စုံ လုပ်ကျွေးဖို့ စီစဥ် ဖြစ်သွားတယ်ဆို ပါတော့ ။ အဲတော့ တယ်တယ်လေး တို့ကလည်း အစားသောက် စီစဥ် ချက်တာ ပြုတ်တာက ဝါဿနာ သိပ်ပါတယ်ဆို တော့ ဟင်းတစ်မျိုးကို ပဲ တစ်ခါချက် လက်ယာတစ်မျိုး .. 😅 . mood ပေါ် မူတည်ပြီးတော့ပေါ့လေ ..တစ်ခါတလေ လည်း လက်ရာက အရမ်းတွေ ကောင်းသလို တစ်ခါတစ်လေ လည်း ထည့်ရမယ့်ပစ္စည်းတွေ စီစဥ်မကျ.. အချိုးအစားတွေ မမှတ်မိတာ နဲ့ လုံးဝ ကို စားလို့ မကောင်းတတ်ဘူး။ ဒီတစ်ခေါက်တော့ အဲ့လိုမျိုး မဖြစ်ရအောင် ပါဝင်ပစ္စည်းတွေ နဲ့ ပြုလုပ်နည်း ...
Comments
Post a Comment