ေအာင္လံ ဆရာေတာ္ အေခ်ာသပ္ ရွင္းတန္း 6. လမ္း နွစ္ သြယ္ နဲဲ႕ ပရမတ္ ရုပ္ နာမ္ ျမင္ဖို ့လိုရင္း အေျခခံ (သမာဓိ) ၁

စ်ာန  သုခ ခ်မ္းသာမွာ တဏွာ  က နွစ္သက္ ကပ္ ျငိပီးေတာ့
ဦးဇင္း တို ့ဗိုက္ခြဲေတာ့ မယ္ဆိုေတာ့ ေမာ္ဖင္း ထိုးလိုက္ေတ့ာ အဲ့မွာ နစ္ျမဳပ္ ပီး စူးစိုက္သြားတယ္။
တဏွာ က ေမာ္ဖင္း အရသာ သြားေပါင္းပီးေတာ့ မခြာနိဳင္ေအာင္ နစ္ျမဳပ္သြားေတာ့ ေအာက္က ဗိုက္ခြဲ တာ သိေသးလား ?
အေျဖကေတာ့ ဒါပဲ။ ဟိုဟာ ကေတာ့ ေမာ္ဖင္း နဲ့ေပါ့။
ဦးဇင္း တို ့ ဒီ က ဘာလဲ ?
စ်ာန သုခ သမထ အာရံုနဲ႕ စိတ္ကို ေျပာင္းတာ၊ အဲ့ေတာ့ တရား က်င့္တယ္ဆိုတာ အေျ ဖထုတ္
လိုက္ေတာ့

  • ၁ ။ အတိတ္ စိတ္ ကို လည္း  သိမ္းဆည္း နိဳင္ရ မယ္ ။ အတိတ္ ကို နွ လံုးသြင္းတဲ့ အတိတ္ အေၾကာင္း အရာေတြ ကို လည္း သိမ္းဆည္း နိဳင္ ရမယ္။
  • ၂။ အနာဂါတ္ ကို ေတြး တဲ့ အေၾကာင္း အရာေတြ ကို လည္း သိမ္းဆည္း နိဳင္ရမယ္။
  • ၃။ မ်က္စိ ၊ နား၊ နွာ၊ လၽွာ ၊ ကိုယ္ ဆိုတဲ႕အဲ့ဒီ ၅ ပါးေသာ အာရံု တို႕နဲ႕လည္း မဆက္ဆံ  ဘဲ လြတ္ေျမာက္ရ မယ္ ။


ေယာဂီ တုိ႕ ေသခ်ာစစ္ေနာ္ သမာဓိ ရတဲ႕ ပုဂၢိဳလ္ သည္ တရား တရား နဲ့႕ ေျပာၾကတယ္ ။ ဘာပဲ တရားတရား ... ဘာအေျဖထြက္ လဲ .. သမာဓိ ရွိရမယ္ ။

သမာဓိ ဆို တာ စိတ္ စင္ ၾကယ္တာ ၊ စိတ္ စင္ ၾကယ္မွ စင္ ၾကယ္တဲ့ ပရမတ္ ရုပ္နာမ္ ျမင္မယ္ မဟုတ္ ဘူးလား။ မွတ္မိေသးရဲ့လား စင္ ၾကယ္တဲ့ ပရမတ္ ရုပ္နာမ္ မွာ ကိေလသာ ရွိေသးလား။ ပညတ္ရွိလား ၊ စင္ၾကယ္တဲ့ စိတ္နဲ့ ျပန္စစ္ေတာ့ ကိေလသာ နဲ႕ ပညတ္ မရွိေတာ့ ကိေလသာ နဲ့ ကာမ ပညတ္ နဲ့ လြတ္ေန တဲ့ စိတ္သည္  ၾကည္လင္တယ္ ။ ေတာက္ပတယ္။ အဲ့ဒီ
ၾကည္လင္ေနတယ္ ေတာက္ပ တည္ ျငိမ္ ေန တဲ့ စိတ္ သည္ ပါ၀ါ (power) ရွိ တဲ့ မွန္ဘီလူး လို ျဖစ္သြားတယ္ ။  နဂို တုန္း က မွန္ ေတာ့ မွန္ပဲ ပါ၀ါ မရွိဘူး ။ ခု ပါ၀ါ သြင္းလိုက္ေတာ႕ မွန္ဘီလူး က အေ၀း ၾကီး ကိုလဲ အနီး ေရာက္ေအာင္ ဆြဲ နိဳင္တယ္။

အဲ့ လုိ ဆို ပါ၀ါ ရွိ တဲ့ စိတ္ျဖစ္သြားေတာ့ လူတို့ မ်က္စိ ထက္ လြန္ကဲတဲ့ ေနရာေတြ ကို မွန္ဘီလူး နဲ့ အေ၀း ၾကီး လွမ္းၾကည့္လို့ ျမင္သလို သာမာန္လူ တို့ မျမင္ နိုင္ တဲ့ စိတ္ရဲ့ ျမင္နိုင္ တဲ႕ သမာဓိ စြမ္းအားသည္ ပရမတ္ ရုပ္ နာမ္ ေတြကို ျမင္နိုင္ျပီ။

အဲ့ လို ပရမတ္ ရုပ္နာမ္ေတြ ကို ျမင္ဖို႕အတြက္ ျမင္မယ့္ စိတ္မွာ နိ၀ရဏ တရားနဲ႕ ကိေလသာ ေတြ ကပ္ေန လို႕ ရပါ့မလား။(မရဘူး)။ အဲ့လိုဆိုရင္ တရားက်င့္ တဲ့ ေခါင္းစဥ္ သည္ တဏွာ ကို ကာမ ဒုကၡ နဲ့ ။ အတိတ္ အနာဂါတ္ ကာမ အာရံု ။ ပစၥဳပၸန္ မ်က္စိ ။ နား ။ နွာ ။ လၽွာ ၊ ကိုယ္ နဲ႕ ပစၥဳပၸန္ တိုက္ဆိုင္ တဲ့ ပ်စၥာ ရံု ။ အဲ့ ဒီ အာရံု ၅ ပါး ။ ထို အာရံု ကို ဆက္ဆံ တဲ့ ေျပာဆို တဲ့ အမည္ေပးတဲ့ ကာမ သင္ဥာ ကာမ ပညတ္ ေပၚ မွာ စိတ္ က ဆက္ဆံ ရေသးလား ။

အဲ့ ေတာ့ တရားရတဲ့ ပုဂၢိဳလ္ သည္ တရား က်င့္မယ္ က်င့္မယ္ ဆိုရင္ က်င့္မယ္ ့ေယာဂီ ရဲ့ စိတ္ သည္ ဘာလုပ္ တာလဲ လို့ ေမးရင္

၁ ။ အတိတ္ အာရံု ကို လည္း  သိမ္းဆည္း နိဳင္ရ မယ္ ။ 
၂။ အနာဂါတ္ အာရံု ကို လည္း  သိမ္းဆည္း နိဳင္ရ မယ္ ။ 
၃။  ပစၥဳပၸန္ အာရံု ၅ ပါး  ကို လည္း  သိမ္းဆည္း နိဳင္ရ မယ္ ။ 

လိုရင္းေတြ႕ ပီလား။




အပိုင္း ၂ ဆက္ရန္ .....

(Unicode)
ဈာန  သုခ ချမ်းသာမှာ တဏှာ  က နှစ်သက် ကပ် ငြိပီးတော့

ဦးဇင်း တို့ဗိုက်ခွဲတော့ မယ်ဆိုတော့ မော်ဖင်း ထိုးလိုက်တေ့ာ အဲ့မှာ နစ်မြုပ် ပီး စူးစိုက်သွားတယ်။

တဏှာ က မော်ဖင်း အရသာ သွားပေါင်းပီးတော့ မခွာနိုင်အောင် နစ်မြုပ်သွားတော့ အောက်က ဗိုက်ခွဲ တာ သိသေးလား ?

အဖြေကတော့ ဒါပဲ။ ဟိုဟာ ကတော့ မော်ဖင်း နဲ့ပေါ့။

ဦးဇင်း တို့ ဒီ က ဘာလဲ ?

ဈာန သုခ သမထ အာရုံနဲ့ စိတ်ကို ပြောင်းတာ၊ အဲ့တော့ တရား ကျင့်တယ်ဆိုတာ အြေ ဖထုတ်

လိုက်တော့



၁ ။ အတိတ် စိတ် ကို လည်း  သိမ်းဆည်း နိုင်ရ မယ် ။ အတိတ် ကို နှ လုံးသွင်းတဲ့ အတိတ် အကြောင်း အရာတွေ ကို လည်း သိမ်းဆည်း နိုင် ရမယ်။
၂။ အနာဂါတ် ကို တွေး တဲ့ အကြောင်း အရာတွေ ကို လည်း သိမ်းဆည်း နိုင်ရမယ်။
၃။ မျက်စိ ၊ နား၊ နှာ၊ လျှာ ၊ ကိုယ် ဆိုတဲ့အဲ့ဒီ ၅ ပါးသော အာရုံ တို့နဲ့လည်း မဆက်ဆံ  ဘဲ လွတ်မြောက်ရ မယ် ။




ယောဂီ တို့ သေချာစစ်နော် သမာဓိ ရတဲ့ ပုဂ္ဂိုလ် သည် တရား တရား နဲ့ ပြောကြတယ် ။ ဘာပဲ တရားတရား ... ဘာအဖြေထွက် လဲ .. သမာဓိ ရှိရမယ် ။



သမာဓိ ဆို တာ စိတ် စင် ကြယ်တာ ၊ စိတ် စင် ကြယ်မှ စင် ကြယ်တဲ့ ပရမတ် ရုပ်နာမ် မြင်မယ် မဟုတ် ဘူးလား။ မှတ်မိသေးရဲ့လား စင် ကြယ်တဲ့ ပရမတ် ရုပ်နာမ် မှာ ကိလေသာ ရှိသေးလား။ ပညတ်ရှိလား ၊ စင်ကြယ်တဲ့ စိတ်နဲ့ ပြန်စစ်တော့ ကိလေသာ နဲ့ ပညတ် မရှိတော့ ကိလေသာ နဲ့ ကာမ ပညတ် နဲ့ လွတ်နေ တဲ့ စိတ်သည်  ကြည်လင်တယ် ။ တောက်ပတယ်။ အဲ့ဒီ

ကြည်လင်နေတယ် တောက်ပ တည် ငြိမ် နေ တဲ့ စိတ် သည် ပါဝါ (power) ရှိ တဲ့ မှန်ဘီလူး လို ဖြစ်သွားတယ် ။  နဂို တုန်း က မှန် တော့ မှန်ပဲ ပါဝါ မရှိဘူး ။ ခု ပါဝါ သွင်းလိုက်တော့ မှန်ဘီလူး က အဝေး ကြီး ကိုလဲ အနီး ရောက်အောင် ဆွဲ နိုင်တယ်။

အဲ့ လို ဆို ပါဝါ ရှိ တဲ့ စိတ်ဖြစ်သွားတော့ လူတို့ မျက်စိ ထက် လွန်ကဲတဲ့ နေရာတွေ ကို မှန်ဘီလူး နဲ့ အဝေး ကြီး လှမ်းကြည့်လို့ မြင်သလို သာမာန်လူ တို့ မမြင် နိုင် တဲ့ စိတ်ရဲ့ မြင်နိုင် တဲ့ သမာဓိ စွမ်းအားသည် ပရမတ် ရုပ် နာမ် တွေကို မြင်နိုင်ပြီ။

အဲ့ လို ပရမတ် ရုပ်နာမ်တွေ ကို မြင်ဖို့အတွက် မြင်မယ့် စိတ်မှာ နိဝရဏ တရားနဲ့ ကိလေသာ တွေ ကပ်နေ လို့ ရပါ့မလား။(မရဘူး)။ အဲ့လိုဆိုရင် တရားကျင့် တဲ့ ခေါင်းစဉ် သည် တဏှာ ကို ကာမ ဒုက္ခ နဲ့ ။ အတိတ် အနာဂါတ် ကာမ အာရုံ ။ ပစ္စုပ္ပန် မျက်စိ ။ နား ။ နှာ ။ လျှာ ၊ ကိုယ် နဲ့ ပစ္စုပ္ပန် တိုက်ဆိုင် တဲ့ ပျစ္စာ ရုံ ။ အဲ့ ဒီ အာရုံ ၅ ပါး ။ ထို အာရုံ ကို ဆက်ဆံ တဲ့ ပြောဆို တဲ့ အမည်ပေးတဲ့ ကာမ သင်ညာ ကာမ ပညတ် ပေါ် မှာ စိတ် က ဆက်ဆံ ရသေးလား ။


အဲ့ တော့ တရားရတဲ့ ပုဂ္ဂိုလ် သည် တရား ကျင့်မယ် ကျင့်မယ် ဆိုရင် ကျင့်မယ့်ယောဂီ ရဲ့ စိတ် သည် ဘာလုပ် တာလဲ လို့ မေးရင်



၁ ။ အတိတ် အာရုံ ကို လည်း  သိမ်းဆည်း နိုင်ရ မယ် ။

၂။ အနာဂါတ် အာရုံ ကို လည်း  သိမ်းဆည်း နိုင်ရ မယ် ။

၃။  ပစ္စုပ္ပန် အာရုံ ၅ ပါး  ကို လည်း  သိမ်းဆည်း နိုင်ရ မယ် ။



လိုရင်းတွေ့ ပီလား။









အပိုင်း ၂ ဆက်ရန် .....






Comments

Popular posts from this blog

အသုတ်စုံ

လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်

လူ့ ဘ ဝ ရ ခိုက် မ မိုက် ကြ ရန်